Owner Information:
ကိုဇေယျာဝင်း 09 421743838
Hostel Information:
Married
အမှတ်-၄၆၂၊ စကားဝါလမ်၊း ရွှေပြည်သာ၊ (၃)ရပ်ကွက်
3 persons room - 65000MMK (5)
အဆောင်စည်းကမ်းချက်များ
၁။ ဤအဆောင်တွင်နေထိုင်သူသည် အရက်သေစာအသောက်အစားကင်းရှင်းရမည်။(အရက်သေစာသောက်စားသည်ကို တွေ့ရှိပါက အဆောင်မှ ပြောင်းရွေ့ရမည်။
၂။ အခြားအခန်းအား အနှောက်အယှက်ဖြစ်စေအောင် ဆူဆူညံညံမပြုလုပ်ရ။
၃။ မနက်(၅:၀၀) မှ ည(၁၀:၀၀)နာရီကျော်လျှင်ဝင်ထွက်ခွင့်မပြုပါ။(အချိန်ပိုရှိပါက ဖုန်းကြိုဆက်ရမည်)။
၄။ မိမိအခန်းမှထွက်ရှိသော အမှိုက်များကို စနစ်တကျထုပ်ပိုးပြီး မိမိတို့အမှိုက်ကို မိမိပစ်ရမည်။
၅။ အိမ်သာ၊ ရေချိုးခန်းများအား (၁) ပါတ်လျှင် (၁) ရက်ကျသန့်ရှင်းရေးလုပ်ရမည်။
၆။ မိတာခကျသင့်ငွေကို (sub meter) ယူနစ်အတိုင်းပေးဆောင်ရမည်။
၇။ လကုန်ပြီး(၅)က်နေ့တိုင်း အခန်းလခအား ပေးဆောင်ရမည်။ ထိုနေ့ မပေးနိုင်ပါက ထို့နေ့မှ(၃)ရက်အတွင်း ပေးဆောင်ရမည်။ ထို(၃)ရက်အတွင်း မပေးဆောင်ပါက အဆောင်မှာပြောင်းရွေ့ရမည်။
၈။ အဆောင်အတွင်း ဥပဒေနှင့်မလွတ်ကင်းသော ပစ္စည်းများအား သယ်ဆောင်လာခြင်း၊ ရောင်းခြင်း၊ ဝယ်ခြင်း၊ သုံးစွဲခြင်း မပြုလုပ်ရ။
၉။ ရေချိုးခန်း၊ အိမ်သာအသုံးပြုပါက အမျိုးသမီးများအား ဦးစားပေးရမည်။
၁၀။ အဆောင်အတွင်းနေထိုင်သူသည် ဆိုင်ကယ်'ပါ' ပါက စည်းကမ်းတကျ ထားရှိရမည်။ ထို့အပြင်ဆိုင်ကယ်ဖြင့် အသံဆူညံခြင်း မပြုလုပ်ရပါ။ (အဆောင်အတွင်းသို့ ဆိုင်ကယ်မောင်းဝင်၊ မောင်းထွက်ခြင်း မပြုလုပ်ရပါ)။
၁၁။ အဆောင်နေထိုင်သူများသည် အိမ်မွေးတိရိစ္ဆာန်မွေးမြူခြင်း မလုပ်ရ။
၁၂။ အဆောင်ရှေ့ဈေးဆိုင်ဖွင့်ရောင်းချခြင်း မပြုလုပ်ရ။
၁၃။ အခန်းအတွင်း သီချင်းဖွင့်ခြင်း၊ တီဗွီကြည့်ခြင်းအား မိမိတို့အခန်းကြားရုံသာဖွင့်ပါ။ အသံကျယ်လောင်စွာ မဖွင့်ရပါ။
၁၄။ အဆောင်အတွင်း စကားများခြင်း၊ ရန်ဖြစ်ခြင်း လုံးဝလုံးဝ မပြုလုပ်ရ။
မှတ်ချက်။ ။ အထက်ပါစည်းကမ်းချက်များအား လိုက်နာခြင်းမရှိပါက အဆောင်မှချက်ချင်း ပြောင်းရွေ့ရပါမည်။